English

新着情報 NEWS

2025.12.24

ミャンマーのみなさんへ!日本での新しい仕事チャンスです!

『ミャンマーのみなさんへ!日本での新しい仕事チャンスです!』

こんにちは!株式会社シーピーアールです。

わたしたちは、ミャンマーと深いつながりのある会社で、

このたび、特定技能の資格をもつミャンマー人のみなさんのために、新しい仕事を紹介する事業をスタートしました!

日本語能力 N3 以上をお持ちの方、日本で新しいキャリアを築きませんか?

 

なぜシーピーアールが選ばれるの?

わたしたちシーピーアールは、長年 ミャンマーとのビジネスを行っており、みなさんの文化や習慣をよく理解しています。

だから、安心して日本で働けるように、しっかりとサポートします。困ったことがあれば、いつでも相談してくださいね。

 

どんな仕事があるの?

今回は、4つの分野でみなさんの力を貸してほしいとおもっています。どれも、これからの日本をささえる、とてもやりがいのある仕事です。

① 外食分野:おいしい料理と笑顔をとどけよう!

お店に来てくれるお客さんのために、料理を作ったり、接客をしたりする仕事です。最初はかんたんな調理補助からスタートして、少しずつお店の運営にもかかわることができます。日本の「おもてなし」を学びながら、たくさんの人を笑顔にしませんか?

② 介護分野:誰かの「ありがとう」がやりがいに

おじいさんやおばあさんが、毎日を安心して楽しくすごせるようにサポートする仕事です。
食事や入浴のお手伝いをしたり、レクリエーションをいっしょに楽しんだりします。人の役に立ちたい、というやさしい気持ちを活かせます。

③ 自動車運送業:日本の物流をささえるドライバー

トラックやバス、タクシーを運転して、人や物を運ぶ仕事です。日本の隅々まで、安全運転で荷物やお客さまをとどけます。責任感のある、運転が好きな方にピッタリです。

 

④ 自動車整備分野:車の安全を守るプロフェッショナル

車が安全に走れるように、点検や修理をする仕事です。エンジンやブレーキなど、専門的な知識や技術が身につきます。
車が好きで、細かい作業が得意な方、大歓迎です!

 

応募から仕事開始までの流れ

 

興味をもったら、いますぐご連絡を!
少しでも「やってみたい!」と思ったら、是非下記までご連絡ください。
あなたの新しい挑戦を、私たちが全力で応援します!

連絡先

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံသားများအတွက်ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်နိုင်မယ့်အခွင့်အလမ်းအသစ်များ!

 

မင်္ဂလာပါ။ CPR Company Limited မှနှုတ်ခွန်းဆက်ပါတယ်။

 

ကျွန်တော်တို့သည် မြန်မာနိုင်ငံနှင့် လေးနက်သောဆက်ဆံရေးရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၊ ယခုအခါ တိုကုတဲဂိနိုးလက်မှတ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများအတွက် အလုပ်ကိုင်အခွင့်အလမ်းများကို မိတ်ဆက်ပေးဖို့စီမံကိန်းတခုစတင်လိုက်ပါပြီ!

 

ဂျပန်စာ Level N3 နှင့် အထက်ရှိသူများအနေဖြင့်၊ ဂျပန်နိုင်ငံတွင် Career အသစ်ကို တည်ဆောက်လိုပါသလား ?

 

ဘာကြောင့် CPR ကိုရွေးချယ်သင့်တာလဲ?

 

ကျွန်ုပ်တို့ CPR သည် မြန်မာနိုင်ငံနှင့် နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်လာသောကုမ္ပဏီဖြစ်တာကြောင့်
မြန်မာတို့၏ ယဉ်ကျေးမှုနှင့် လူနေမှုပုံစံများကို ကောင်းစွာ နားလည်သဘောပေါက်ပါတယ်။

 

ဒါကြောင့် ဂျပန်နိုင်ငံတွင် စိတ်ချလက်ချ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အပြည့်အဝ ထောက်ပံ့ပေးနိုင်ပါတယ်။

အခက်အခဲတစုံတရာပေါ်ပေါက်လာပါကလည်း အချိန်မရွေးတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

 

ဘယ်လိုအလုပ်အမျိုးအစားတွေရှိလဲ?

 

လက်ရှိမှာတော့ လုပ်ငန်းကဏ္ဍ ၄ ခု မှာ သင်တို့ရဲ့ လုပ်အားကို လိုအပ်နေပါတယ်။

၎င်းလုပ်ငန်း အားလုံးဟာ အနာဂတ် ဂျပန်နိုင်ငံကို ထောက်ပံ့ပေးမယ့် အရေးပါတဲ့ အလုပ်တွေ ဖြစ်ပြီး
လုပ်ရတာ အလွန် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတဲ့ အလုပ်တွေ ဖြစ်ပါတယ်။

 

()စားသောက်ဆိုင်လုပ်ငန်း : အရသာရှိတဲ့အစားအစာနဲ့အပြုံးလေးများကိုဝေမျှကြစို့!

 

စားသောက်ဆိုင်ကို လာရောက်တဲ့ ဧည့်သည်များအတွက်
အစားအစာ ပြင်ဆင်ခြင်း နှင့် ဧည့်ခံဝန်ဆောင်မှု ပေးခြင်း ကို လုပ်ဆောင်ရပါမယ်။

 

အစပိုင်းမှာတော့ အခြေခံ ချက်ပြုတ်အကူ ကနေ စတင်ပြီး
တဖြေးဖြေး ဆိုင်ရဲ့ စီမံခန့်ခွဲမှုလုပ်ငန်းများ ထဲကိုပါ ပါဝင်နိုင်လာပါလိမ့်မယ်။

 

ဂျပန်နိုင်ငံရဲ့ 「ဧည့်ဝတ်ဝန်ဆောင်မှု 」 ကို သင်ယူရင်း
လူပေါင်းများစွာကို ပြုံးရွှင်စေချင်ပါသလား?

 

 

 

( ၂ ) ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း : တစုံတယောက်ရဲ့ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားက သင့်အတွက် အားတခုဖြစ်လာစေမယ်

 

အဘိုးအဘွားများ စိတ်ချလက်ချ ပျော်ရွင်စွာ‌ နေထိုင်နိုင်ဖို့အတွက် နေ့စဉ်လုပ်ငန်းဆောင်တာများကို ကူညီပေးရသော အလုပ်ဖြစ်ပါတယ်။

အစားစားသုံးခြင်း၊ ရေချိုးသန့်စင်ခြင်း တို့ကို ကူညီပေးရပြီး အပန်းဖြေခြင်းတို့ကိုလည်း အတူတကွပျော်ရွှင်လုပ်ဆောင်ပေးခြင်းတို့ပါဝင်ပါတယ်။

လူများကို ကူညီချင်သော နူးညံ့သောစိတ်နှလုံးသားကို အသုံးချခွင့်ရနိုင်ပါတယ်။

 

 

( ၃ ) ယာဉ်မောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း : ဂျပန်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကို ထောက်ပံ့ပေးသော ဒရိုင်ဘာများ

 

ထရပ်ကား၊ ဘတ်စ်ကား ၊ တက္ကစီတို့ကို မောင်းနှင်ပြီး  လူနှင့်ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်းတို့ကိုလုပ်ဆောင်ရပါတယ်။ လုံခြုံမှုကို ဦးစားပေးမောင်းနှင်ခြင်းဖြင့် ဧည့်သည်နှင့် ကုန်ပစ္စည်းများကို ဂျပန်နိုင်ငံအနှံ့ပို့ဆောင်ပေးရပါမယ်။

တာဝန်ယူလိုသောစိတ်ရှိပြီး ယာဉ်မောင်းနှင်ခြင်းကို နှစ်သက်သူများအတွက် ကိုက်ညီတဲ့အလုပ်တခုဖြစ်ပါတယ်။

 

( ၄ ) ယာဉ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း : ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ကာကွယ်ပေးသော ကျွမ်းကျင်ပညာရှင်များ

 

ယာဉ်များအန္တရာယ်ကင်းစွာမောင်းနှင်နိုင်ရန်အတွက် စစ်ဆေးခြင်း ၊ ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ပြုလုပ်ပေးရသောလုပ်ငန်းဖြစ်ပါတယ်။

အင်ဂျင်၊ ဘရိတ် စတဲ့ ယာဉ်အစိတ်အပိုင်းများအကြောင်းကိုလည်း အဆင့်မြင့်နည်းပညာနှင့် အသိပညာရပ်များကိုလည်း သင်ယူနိုင်ပါတယ်။

ကားများကို ကြိုက်နှစ်သက်ပြီး အသေးစိတ်အလုပ်များကို စိတ်ဝင်စားသူများအတွက်အလွန် ကိုက်ညီပါတယ်။

 

 

လျှောက်ထားချိန်မှ အလုပ်စတင်ချိန်အထိ လုပ်ငန်းစဉ်

 

(၁) မေးမြန်းစုံစမ်းခြင်း - ဖုန်းမှတဆင့်သိလိုသမျှကိုလွတ်လပ်စွာဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

(၂) နားထောင်ခြင်း - သင်အလိုရှိသောလုပ်ငန်းနှင့် အတွေ့အကြုံများ အကြောင်း အသေးစိတ် ပြောပြပေးပါ။

(၃) အင်တာဗျူးခြင်း - သင်အလုပ်လုပ်မည့် ကုမ္ပဏီနဲ့ အတူ အင်တာဗျူး လုပ်ပါမယ်။စိတ်မပူပါနဲ့၊ကျွန်တော်တို့ကလည်း သင်နဲ့အတူရှိနေမှာပါ။

(၄) အလုပ်စတင်ခြင်း: -  ဂုဏ်ယူပါတယ်! ဂျပန်နိုင်ငံမှာ သင့်ဘဝ အသစ် စတင်ချိန်ဖြစ်ပါပြီ။

 

စိတ်ဝင်စားပါက ချက်ချင်းဆက်သွယ်လိုက်ပါ!

 

“လုပ်ကြည့်ချင်တယ်” ဆိုတဲ့ စိတ်အနည်းငယ်ရှိလျှင်တောင် မတွန့်ဆုတ်ပဲဆက်ဆက် ဆက်သွယ်ပေးပါ။
သင့်ရဲ့ စိန်ခေါ်မှု ကို ကျွန်တော်တို့ အပြည့်အဝ ထောက်ပံ့အားပေးနေမှာပါ။

ဆက်သွယ်ရန်လိပ်စာ

တာဝန်ခံ : နိုင်ငံခြားလုပ်ငန်းဌာန သောင်းမြင့်နိုင်

ဖုန်းနံပါတ် : 052-671-3212

一覧へ戻る Pagetop